Loading...
Gadget by w2pro

ကြက်ဆီချက်ခေါက်ဆွဲ


ကြက်ဆီချက်ခေါက်ဆွဲ လုပ်နည်းလေးကတော့ ရိုးရိုးရှင်းရှင်းလေးမို့ စာဖတ်သူမိတ်ဆွေများ လွယ်လွယ်ကူကူ နဲ့လုပ်စားဖို့ရာ အဆင်ပြေမှာပါ။

ကြက်ရင်အုပ်သားကို အသားချည်း အတုံးသေးသေးလေးတွေ လှီးပြီး ကြက်သွန်ဖြူထောင်း ဂျင်းရည် ဆနွင်း အနည်းငယ် ဆား ကြက်သားမှုန့်တို့နဲ့ နယ်ပြီး ဆီအနည်းငယ်ထည့်ကာ မီးဖိုတွင် မွှေးလာသည်အထိ အိုးကပ် ကျော်လိုက်ပါ။ ရေထည့်စရာမလိုပဲ တခဏနဲ့ နူးသွားမှာပါ။ ပန်းကန်တွင်ထည့်ထားပါ။ ကြက်သားကို နှုတ်နှုတ် ကလေးစင်းပြီး ချက်လျှင်လည်း စားကောင်းပါတယ်။
ကြက်သွန်ဖြူကို မညက်တစ်ညက်ထောင်းပြီး ဆီချက်ပြုလုပ်ခါ ဆီချက်ရလျှင် ကြက်သွန်ဖြူကျော်နှင့် ဆီကို သီးသန့်ဆီခွဲထားခြင်းဖြင့် ကြက်သွန်ဖြူကျော် ပျော့မသွားပါ။

ကြက်ဥခေါက်ဆွဲအသုံးပြုခြင်းဖြင့် ကြက်ဆီချက် လုပ်စားရာတွင် အသင့်တော်ဆုံး အရွယ်အစားနဲ့ အနူးညံ့ 
ဆုံးဖြစ်ပါတယ်။ ခေါက်ဆွဲကို ခဏသာ ရေပွက်ပွက်ဆူတွင် ပြုတ်ပြီး ရေအေးနှင့်ဆေးကာ စစ်ထားလိုက်ပါ။ ရေစစ်ပြီး ခေါက်ဆွဲကို အဆင်သင့်လုပ်ထားသော ကြက်သွန်ဖြူဆီချက်နည်းနည်းနှင့် နယ်ထားပါ။ 





ကြက်ရိုးကို ဆား ကြက်မှုန့် ကြက်သွန်ဖြူ ဂျင်းတို့နဲ့ အချိန်ကြာကြာ ပြုတ်ထားပြီး နှစ်ရည်ကျပြီး နောက်ဆုံး အရည်တွင် ငရုပ်ကောင်းမှုန့် ကြက်သွန်မိတ်တို့ ထည့်ပြီး ကြက်ဟင်းချိုကို ကြက်ဆီချက်နှင့်တွဲဖက်စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။

ကြက်သွန်မိတ်နဲ့ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်နီပေါ်တွင် ကြက်သွန်ဖြူ -ငရုပ်ဆီဖြူးပြီး ကြက် ဆီချက်ခေါက်ဆွဲနှင့် တွဲဖက်စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။ ငရုပ်ဆီကို အသုံးပြုလျှင် ဂျင်း-ကြက်သွန်ဖြူ -ငရုပ်ပါသော ငရုပ်ဆီက အနံ့လေးမွှေးပြီး စပ်စပ်လေးမို့ ပိုစားလို့ကောင်းပါတယ်။ တစ်ချို့ကတော့ ငရုပ် -ခရမ်းချဉ်သီးဆော့စ်ကို နှစ်သက်ကြပါတယ်။

အပိုအဖြစ် ကြက်သွန်နီဝိုင်း ခရမ်းချဉ်သီးဝိုင်း ဆလပ်ရွက်တို့တွင် မိုင်းရိုးနက်စ် ဖြူးပြီး ရရှိတဲ့ဆလပ်ရွက်သုတ် ကိုလည်း ကြက်ဆီချက်နှင့် တွဲဖက်စားသုံးနိုင်ပါတယ်။

စားပန်ကန်တွင် ခေါက်ဆွဲ ကြက်သား ကြက်ရည်အနည်းငယ် ကြက်သွန်မိတ် ကြက်သွန်ဖြူဆီချက်တို့ထည့် ကာ နယ်လိုက်ခြင်းဖြင့် အရသာရှိ၍ စားသုံးရန်အသင့်ဖြစ်သော ကြက်ဆီချက်ကို ကြက်သွန်ဖြူ ငရုပ်ဆီတို့နှင့် တွဲဖက် စားသုံးနိုင်ပါပြီ။ အပိုဆောင်းပြီး ဆလပ်ရွက်သုတ်ဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါတယ်။


ဓာတ်ပုံကတစ်ပုံထဲရိုက်မိပြီး ကြည်လင်မှုမရှိလို့ ပြန်ရိုက်မယ်လုပ်တော့ ကြက်ဆီချက်က ကုန်နေပြီး))

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

thadarhline said...

ဆီချက်ကြိုက်တာမို့လို့ ပုံလေးပဲဋ္ဌကည့်ပြီး ပြန်သွားရတယ်အဏ်တီတင့်။

Post a Comment

Related Posts Plugin for WordPress, Blogger...