Loading...
Gadget by w2pro

စိတ်ကိုမထိန်းသူ နှင့် စိတ်ကိုထိန်းသူ



စိတ်ကိုမထိန်းသူ

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူ ကျလိုရာ၊ ကျတတ်ပါသည်
ပမာ မျောက်နှိုင်း၊ စိတ် ဆင်ရိုင်းကို
ထူးသိုင်းဖြေချွတ်၊ ထင်တိုင်း လွှတ်၍
မကွပ် မထိန်း၊ ညွတ်တိုင်းယိမ်းက
အေးငြိမ်းချမ်းသာ၊ မရပါဘဲ
ပူဗျာ ဆင့်ကဲ၊ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။


စိတ်ကိုထိန်းသူ

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူ ကျလိုရာ၊ ကျတတ်ပါသည်
ပမာ မျောက်နှိုင်း၊ စိတ် ဆင်ရိုင်းကို
ချင့်နှိုင်း ဉာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်
အစဉ် ချွန်းအုပ်၊ သတိချုပ်၍
မလှုပ် မယိုင်၊ ကောင်းစွာနိုင်သော်
ဖွံ့ခိုင် ဖြိုးဖြိုး၊ ချမ်းသာတိုးသည်
ကောင်းကျိုး ကြွယ်လိမ့် မည်သာကို။

                                                                   (ချမ်းမြေ့ဆရာတော်ဘုရားကြီး)

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

Post a Comment

Related Posts Plugin for WordPress, Blogger...