Loading...
Gadget by w2pro

အိမ်ချက် မုန့်ဟင်းခါး



ဒီတစ်ခါတော့ ဘုရားဖူးနေကြတဲ့ စာဖတ်မိတ်ဆွေတို့ကို မုန့်ဟင်းခါးချက်နည်း တင်ပေးလိုပါတယ်။ မုန့်ဟင်းခါး ချက်တာ အလုပ်များတယ်လို့ ထင်ရပေမယ့် လက်တွေ့ ချက်လိုက်ရင်တော့ ထင်သလောက် အလုပ်မရှုပ်ပါ ဘူး။ စမ်းချက်ကြည့်နော်။ ကျမရဲ့ချက်နည်းလေးအတိုင်းသာ ချက်မယ်ဆိုရင် စာဖတ်သူတို့ စားသုံးရတာနှစ် သက် မှာ ဧကန်မလွဲပါ။ ငါးခူမရှိပဲ ပင်လယ်ငါးတွေသာ အသုံးပြုလို့ရတဲ့နိုင်ငံတွေမှာတော့ အဆင်ပြေတဲ့ငါးနဲ့ စမ်း သပ်ချက်ကြည့်ပါနော်။



               စပလင် ဂျင်း ကြက်သွန်ဖြူ ငံပြာရည် တို့က မုန့်ဟင်းခါးရည်ကို မွှေးစေနိုင်တဲ့ အစွမ်းရှိကြတယ်

ငါးခူကို မန်းကျည်းမှည့်လေး အနည်းငယ်နဲ့နယ်ပြီး ရေဆေးရင်လက်ထဲကနေ ချောမထွက်တော့ပဲ ဆေးကြော ရတာ အဆင်ပြေပါတယ်။ ရေဆေးပြီးရင်တော့ လည်ပင်းအောက်မှာ အပေါက်ဖောက်ပြီး သည်းခြေအိတ်နဲ့ အတူ တွဲလျက်ရှိတဲ့ အူတွေကို ထုတ်ပစ်ရပါတယ်။ ငါးကိုအရွယ်အစားအပေါ်မူတည်းပြီး ၄ချက် ၅ချက်ခန့်မွှန်း ပါတယ်။ ငါးကို ဆား ဆံနွင်း ငံပြာရည် ဂျင်းရည် ကြက်သွန်ဖြူထောင်း စပလင်ရည်တို့နဲ့အတူ ရေအနည်းငယ် ထည့်ပြီး ပြုတ်လိုက်ပါတယ်။
(စပလင်ကိုတော့ ပုံမှာပြထားတဲ့အတိုင်း ရေသန့်စင်အောင်ဆေးကြောပြီး ရိုးတံနဲ့ အရွက်များကို စည်းနှောင် ထားကာ ငါးပြုတ်အိုးတွင်ထည့်ပါတယ်။ အရင်းပိုင်းကို ညက်ညက်ကြေအောင်ထောင်းပြီး ရေနှင့်ဖျော်ကာ အရည်စစ်ကာ ထိုအရည်ကိုသာအသုံးပြုပါတယ်)


                       ဂျုံရွှေကြည်မှုန့်နဲ့ ဆန်အကျက်မှုန့်တို့က မုန့်ဟင်းခါးရည် ချွဲပြစ်တာမျိုးမဖြစ်စေဘူး

ကြက်သွန်နီကို ဥကြီး ဥလေးနှစ်မျိုးသုံးရခြင်းက ဥကြီးကို ဆီသတ်တဲ့အခါမှာ အသုံးပြုပြီး ဥသေးကိုတော့ မုန့် ရည်တွင် အလုံးလိုက်ထည့်သုံးပါတယ်။ ကျမ ချက်တဲ့မုန့်ဟင်းခါးမှာအသုံးပြုတဲ့ အထောက်အကူပစ္စည်းက တော့ ဆန်အကျက်မှုန့်နဲ့ ဂျုံရွှေကြည်မှုန့်တို့ပဲဖြစ်ပါတယ်။
(တစ်ချို့ကတော့ ပဲမှုန့် မြေပဲထောင်းတို့ကို အသုံးပြုတတ်ကြပါတယ်။ ဒါကတော့ မိမိနှစ်သက်တဲ့ အရသာပေါ် မူတည်ပြီး အသုံးပြုတာလည်း အနည်းငယ်ကွာခြားကြပါတယ်)

  ဘဲဥ လတ်ဆတ်လွန်းရင် ပြုတ်လိုက်တဲ့အခါ အသားနဲ့အခွံကကပ်နေတတ်တာမို့ ရေအေးစိမ်ပြီးမှခွာနော်

ဘဲဥကိုအကျက်ပြုတ်ထားပြီး အိုးဘဲဥနှစ်သက်သူများကတော့ အလုံးလိုက် မုန့်ဟင်းခါးအရည်မှာထည့်သလို ဘဲဥကို ခွဲခြမ်းစိတ်ဖြာပြီးလည်း ထည့်သုံးလို့ရပါတယ်။

                        ကြက်သွန်ဖြူဆီချက် ချက်ပြီး ကြက်သွန်ဖြူကြော်ကို သီးသန့်ခွဲထုတ်ထားတယ်

ကြက်သွန်ဖြူဆီချက် ကိုချက်ထားပါတယ်။ ကြက်သွန်ဖြူဆီချက်ကို မုန့်ဟင်းခါးတွင် ထည့်စားခြင်းဖြင့် အနံ့ပို မွှေးပြီး အရသာပိုကောင်းပါတယ်။

ငှက်ပျောအူကို အတွင်းဆုံးအသား ၃လွှာလောက်ကို ဖယ်လိုက်ပြီး ၄၊ ၅၊ ၆ လွှာတို့ကိုအသုံးပြုပါတယ်။ တစ်ချို့ လည်းငှက်ပျောအူကို မနှစ်သက်တာမို့ ထည့်သုံးခြင်းမပြုပါဘူး။ ဓာတ်ပုံရိုက်ဖို့ ကျန်နေခဲ့ပါတယ်း)

ရှေးဦးစွာ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းတို့ကို ဆီသတ်လိုက်ပြီး အနံ့မွှေးလာတဲ့အခါ အရိုးနွှင်ထားတဲ့ငါးခူကို ထည့်ပါတယ်။

                                                                    အရိုးနွှင်ပြီးသောငါး

 ဆန်အကျက်မှုန့်နဲ့ ရွှေကြည်မှုန့်တို့ကို ရေနှင့်ဖျော်ပြီး ထည့်ပါတယ်။ စည်းနှောင်ထားတဲ့ စပလင်အရိုးကိုပါ ထည့်လိုက်ပါ။ ရေကိုအပွက်ခံအောင် များများထည့်ပါတယ်။ မကြာခနမွှေပေးခြင်းဖြင့် ဆန်မှုန့် ရွှေခြည်မှုန့်တို့ အိုးကပ်ခြင်းမှ ရှောင်ရှားနိုင်ပါတယ်။

                                                   အချိုဓာတ်တွေ များများရတဲ့ ငါးအရည်

ငါးအရိုးများကို ထောင်းပြီး ရေနှင့်ဖျော်ထားတဲ့ ငါးရည်ကို စစ်ပြီး မုန့်ဟင်းခါးအိုးသို့ ထည့်ချက်ခြင်းဖြင့် အရသာ ကို ပိုချိုစေပါတယ်။ ကျမအချိုမှုန့်ကို သုံးလေ့မရှိပါဘူး။

                ပွက်ပွက်ဆူနေတော့ ဟင်းရည်တွေဘေးကိုစင်လို့ မလှမပဖြစ်နေပေမယ့် အရသာကရှယ်ပဲး)

ပွက်နေသော ဟင်းရည်အိုးအတွင်းသို့ ကြက်သွန်နီဥသေး လှီးထားသော ငှက်ပျောအူတို့ကိုပါထည့်လိုက်ပါ။ အချိန်အနည်းငယ်ပွက်ပြီးလျှင် ဘဲဥထည့်ပါ ငရုတ်ကောင်းမှုန့်ကိုတော့ အနည်းငယ်ထည့်ပါတယ်။

 




                     မုန့်ဖတ် အကြော်နဲ့ ချဉ် စပ် ငံကိုတော့ မိမိနှစ်သက်သလို ထည့်ပြီး သုံးဆောင်ကြပါနော်
   
ကြက်သွန်ဥ ငှက်ပျောအူတို့ နူးပြီဆိုရင်တော့ မုန့်ဟင်းခါး သုံးဆောင်ဖို့အတွက် ရပါပြီ။ မုန့်ဟင်းခါးနဲ့ တွဲဖက် စားသုံးတဲ့ ပဲကြော် အီကြာကွေး ဘူးသီးကျော်တို့အပြင် နံနံပင် ရှောက်သီး (သံပုရားသီးလည်းအသုံးများကြ ပါတယ်) ငရုတ်အကျက်မှုန့်တို့ ထည့်ပြီး ကြက်သွန်ဖြူဆီကျက်လေးအပေါ်ကထည့်ခြင်းဖြင့် မုန့်ဟင်းခါးတစ်ပွဲ စားသုံးဖို့အဆင်သင့်ရပါပြီ။ (မုန့်ဖတ်ကို တစ်ချို့လည်း နန်းပြားခေါ် ညှပ်ခေါက်ဆွဲနဲ့ စားသုံးပါတယ်)

                                                   မုန့်ဟင်းခါးစားသုံးရန်အဆင်သင့်ရပြီနော်

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

rose said...

Aunty, thank you for sharing Monhingar recipe with many photo. Mohingar is my favourite dish.

Baby taster said...

မုန့်ဟင်းခါး ၂ပွဲး)
အကြော် ဘဲဥ အီကြာကွေး အားလုံးထည့်မယ်း)

ကိုဖြိုး said...

တီလေးရေ မုန်းဟင်းခါး ၅ပွဲလောက်ပို့ပေးပါလား ..မြင်တာနဲ့ ကို သရေယိုနေပီ....

Mon Petit Avatar said...

I also love this too, thank you so much for explaining every steps Aunty Tint.

PAUK said...

ဟင်းချိုမှုန့်မပါတဲ့ မုန့်ဟင်းခါးပဲစားချင်နေပါတယ.်..။

may16 said...

အန်တီရေ မြင်တာနဲ့ စားချင်စရာလေးနော်. .

ကြယ်စင်အလင်း said...

ထမင်းစားပြီး ပို့စ်လာဖတ်တာ..ဗိုက်တောင်ပြန်ဆာသွားတယ်ဗျ.. စားချင်လာပြီ. သေ၇ကျသွားပါတယ် အန်တီတင့်ေ၇.

လသာည said...

အန်တီတင့်..
ဆန်ပြားလေးနဲ့ မုန့်ဟင်းခါး စားချင်တယ်း)

Snow said...

အန်တီ့မုန့်ဟင်းခါးလေးကို စားချင်လိုက်တာ။ အန်တီက အသေအချာကို စားကောင်းအောင် ထောင့်စေ့စေ့ လုပ်ထားတာပဲ။ အားကျပြီး အတုယူသွားပါတယ်ရှင်။

Post a Comment

Related Posts Plugin for WordPress, Blogger...