Loading...
Gadget by w2pro

စိတ်မည်းများကို ဝိပဿနာဖြင့် ဖြူစင်ပုံ



လောဘအာရုံ၊ မြင်ခိုက်ကြုံ၊ အကုန်ရှုရမည်။
(ကြား နံ စား စသည်တို့ကိုလည်း သွင်း၍ ဆိုပါ)
ရှုမှတ်လိုက်က၊ ထိုခဏ၊ လောဘ မဝင်ပြီ။
မရှုမိလျှင်၊ လောဘဝင်၊ သူပင် ရှုရမည်။
သူ မရှုလျှင်၊ ငါကောင်းထင်၊ ခင်မင် စွဲလမ်းသည်။
ရှုမိလိုက်လျှင်၊ ရုပ်နာမ်မြင်၊ ထို့ပြင် ကြောင်းသိသည်။
ရုပ်နာမ်ကြောင်းမျှ၊ သိလေက၊ စူဠသောတမည်။
ပေါ်ပြီးပျောက်လျှင်၊ မမြဲပင်၊ ဉာဏ်မြင် လင်းတော့သည်။
ဆင်းရဲလည်းမြင်၊ ငါ ကောင်စင်၊ ဆင်ခြင်သုံးသပ်သည်။
ပေါ်လိုက် ပျောက်လိုက်၊ ပေါ် ပျောက်လိုက်၊ ဉာဏ်၌ သက်ဝင်သည်။
ပျောက်တာချည်းမြင်၊ ကြောက်ဖွယ်ထင်၊ ပြစ်မြင် ငြီးငွေ့သည်။
ငြီးငွေ့သည့်တာ၊ လွှတ်လိုက်ပါ၊ ထပ်ခါ ဆင်ခြင်သည်။
ဆင်ခြင်းပြီးခါ၊ သင်္ခါရာ၊ ညီစွာ ရှုတော့သည်။
ရှေ့နောက်လျော်လတ်၊ အဖြစ်ရပ်၊ ပြေးလတ် မဖြစ်ဆီ။
ချုပ်ငြိမ်းရာမျှ၊ တည်နေက၊ ဉာဏ မဂ်ဖိုလ်မည်။
ချုပ်ငြိမ်းပြီးလျှင်၊ ပြန်ဆင်ခြင်၊ ဤတွင် ပစ္စဝက်မည်။
(ဗျာပါဒ၊ ကောဓ၊ မက္ခ စသည်တို့ကိုလည်း ဤအစဉ်အတိုင်း သိပါလေ)

                                          (ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး)

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

Post a Comment

Related Posts Plugin for WordPress, Blogger...