ခေါင်းစဉ်တစ်ခုရပြီဆိုရင်တော့ ပို့စ်အသစ်တစ်ခုတင်နိုင်ပြီဆိုပြီး ပထမတော့ ဝမ်းသာမိတယ်ရေးဖို့ရာ စာလုံးတွေ စီလိုက်ပြန်တော့ အစီအငေါ်ကမတည့် ခက်ခက်ရချေရဲ့ပေါ့ရေးလိုက်ဖျက်လိုက် ပိုတာဖယ်လိုက် လိုတာထည့်လိုက်နဲ့ စာတစ်ပိုဒ်ဖြစ်ဖို့ အတော်လေးခက်ခက်ခဲခဲ စုစည်းရပါလားနော်။ ဒါနဲ့ ဘလော့တွေ ဝင်ဖတ်လိုက်ပြန်တော့ ဖတ်လို့ကကောင်းမှကောင်း အစဉ်ကိုချောလို့ အထစ်အငေါ့ကမရှိ အော် စာရေးသူ ဘလော့ဂါများတော်လိုက်ကြပါဘိ။ ကျမက စာရေးနေကျမဟုတ်တော့ စာဖတ်သူများ ဖတ်ရတာ အဖုအထစ်တွေဖြစ်နေမှာတော့ ရာခိုင်နှုံးများမှာပါ။ နားလည်သည်းခံပြီး ဖတ်ပေးကြတာကို ကြိုတင်ကျေးဇူးတင်ထားပါရစေနော်။
ဒီကနေ့တော့ စားသောက်ဖွယ်ရာတစ်ခုခု လုပ်စားမယ်စိတ်ကူးမိပြီးရေခဲသေတ္တာထဲမှာ ဟိုရှာသည်ရှာ လိုက်ရှာတော့ စပါဂက်တီ (ခေါက်ဆွဲခြောက်) နဲ့ စပါဂက်တီ ခရမ်းချဉ်သီးဆော့ ကိုတွေ့တယ် ဒီမှာတင် အစားအသောက်ကို စိတ်ဝင်စားတဲ့ ဘလော့ဂါ မိတ်ဆွေများပါ လွယ်လွယ်ကူကူ လုပ်စားလို့ရအောင် ပို့စ်လဲတင်မယ်ဆိုတဲ့ ရည်ရွယ်ချက်က ခေါင်းထဲဝင်လာမိတယ်။
စပါဂက်တီအစားအစာဟာ အီတလီအစားအစာဖြစ်တာကို အားလုံးလိုလိုသိကြမှာပါ ဆီဒိုးနား အယ်လ်အိုပယ် တို့လိုနေရာတွေမှာတော့ စပါဂက်တီစစ်စစ်ကို အရသာရှိရှိသုံးဆောင်နိုင်မှာဖြစ်ပါတယ် ကျမကတော့ အရသာကောင်းဘို့နဲ့ ပါဝင်တဲ့ပစ္စည်းလေးတွေ အတတ်နိုင်ဆုံးတူအောင်ကြိုးစားပြီး ကိုယ်တိုင်ပဲလုပ်စားလိုက်တယ်။
လုပ်နည်းကတော့ လွယ်လွယ်လေးပါ အရေးကြီးတာက စပါဂယ်တီခေါက်ဆွဲခြောက် အစစ်ဖြစ်ဘို့ရယ် ခရမ်းချဉ်သီးဆော့ကလဲ စပါဂက်တီအတွက်လုပ်ထားတဲ့ အနှစ်ဖြစ်ဘို့ပါပဲ ကျမကတော့ ဒိန်ခဲအမှုန့်ကို နှစ်သက်လို့ ထည့်သုံးပါတယ်။ တချို့ကတော့ နှစ်မျိုးမရောပဲ ခရမ်းချဉ်သီးဆော့သီးသန့်သုံးပြီး တချို့ကတော့ ဒိန်ခဲအမှုန့်သီးသန့်သုံးတတ်ပါတယ် ဒါကတော့ ကိုယ်နှစ်သက်တဲ့အပေါ်မှာ အမျိုးမျိုး ထည့်သုံးကြတာပါ။
ပုံမှာပါတဲ့အတိုင်းခေါက်ဆွဲ ကိုရေနွေးမှာပြုတ်ရပါတယ် စပါဂက်တီခေါက်ဆွဲကို အုန်းနို့ခေါက်ဆွဲ ကိုပြုတ်သလို မပြုတ်မိစေဘို့သတိထားရပါမယ် စပါဂက်တီခေါက်ဆွဲကိုရေ ပွက်ပွက်ဆူတဲ့အထဲကို ၃မိနစ်ကနေ ၄မိနစ်လောက်အထိဆိုရင် အဆင်ပြေပါတယ်။ စားကြည့်လို့မာနေရင် ၁မိနစ်လောက် ထပ်ပြုတ်လို့ရပါတယ်ပျော့သွားရင်တော့ စားရတဲ့အရသာပြောင်းလဲသွားပါတယ်။ခေါက်ဆွဲကိုပြုတ်ပြီးရင် သင့်တော်တဲ့ ပန်းကန်ထဲထည့်ထားပါ။
ကြက်သားကို အသားချည်းတောက်တောက်စင်းပြီး ဆား ကြက်မှုန့် ငရုပ်ကောင်း တို့ကိုထည့်ပါတယ် ကြက်သွန်ဖြူကိုထောင်းပြီးထည့်နယ်ပါ ပြီးရင်ရေအနည်းငယ် ထည့်ပြီး ကြက်တောက်တောက် ကို နူးတဲ့အထိရေခမ်းပြုတ်ပါတယ်။ ရေခမ်းသွားပြီဆိုရင်တော့ စပါဂက်တီအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ခရမ်းချဉ်သီးဆော့ကိုရောထည့်ပြီး ပွက်လာတဲ့အထိ မွှေပေးပါတယ်။ ခေါက်ဆွဲထည့်ထားတဲ့ ပန်းကန်ထဲကို ပုံပါအတိုင်း ချက်ထားတဲ့ ခရမ်းချဉ်ဆော့ကို လောင်းထည့်ပြီးရင် စားသုံးဖို့အဆင်သင့်ပါပဲ။
စပါဂက်တီစားနည်းလေးပါ ကြုံတုန်းလေးပြောခဲ့မယ်နော် ခရင်းကို ညာလက်နဲ့ကိုင်ပြီးခေါက်ဆွဲထဲ ထည့်စိုက်ပါ နာရီလက်တံလို တစ်ဖက်တည်းကို လှည့်သွားတဲ့အခါ စပါဂက်တီခေါက်ဆွဲလိပ်လေး ပုံဖြစ်လာပါတယ် အဲဒီအလိပ်လေးကို ဘယ်လက်မှာကိုင်ထားတဲ့ ထမင်းစားဇွန်းထဲကို ထည့်ပြီးစားရပါတယ်
ကျမစပါဂက်တီကို စားဘူးတာတော့ ကြာပါပြီ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကျမကို စပါဂက်တီစားနည်း မှားနေတယ်ဆိုပြီး ကျမနဲ့ ကျမရဲ့လုပ်ဖော်ကိုက်ဖက်တို့ကို သူဌေးကသင်ပေးခဲ့တာလေး သတိယလို့ဒီစာပိုဒ်လေးကို ထည့်ပြီးရေးခဲ့ခြင်းဖြစ်ပါတယ်။ စပါဂက်တီလုပ်စားပြီး အရသာမတွေ့ရင်တော့ စိတ်ဆိုးနဲ့နော်။ နောက်တစ်မျိုးထပ်ပြီး လုပ်စားကြတာပေါ့။
စပါဂက်တီပန်းကန်ထဲမှာ ခရင်းတွေများနေတာက ကျမစားစရာ တစ်ခုခုလုပ်ပြီဆိုရင် အိမ်သူအိမ်သား အားလုံးက တပြိုင်တည်း အင်နဲ့အားနဲ့ စားဖို့ရာ ဝိုင်းအားပေးကြတယ်လေ အဲဒါကြောင့်ပါး)
မေတ္တာဖြင့်
အန်တီတင့်
Comments
yummy ^_^
himm DELICIOUS... dun no when would we able to eat .... hehe
Don't worry my dear . I'll come to you as soon as possible :)
ကောင်းပါပြီ ပန်းကဗျာ လာလည်တာကျေးဇူးပါကွယ်
Post a Comment