Loading...
Gadget by w2pro

ကင်မ်ချီ (KIMCHI)



"ကင်မ်ချီ" ဆိုတဲ့စကားလုံးလေးကိုတော့ ကိုရီးယားစာနှစ်သက်တဲ့သူတိုင်းသိမယ်ထင်ပါတယ် မသိသေးဘူး ဆိုရင်လဲ မိတ်ဆက်တဲ့အနေနဲ့ ဒီပို့စ်လေးကိုတင်လိုက်ပါတယ်ရှင် ကင်မ်ချီအကြောင်းကို မပြောပြခင် ဘယ်လိုလုပ်ပြီး ဒီကင်မ်ချီကိုရီးယားစာကို ကျမစိတ်ဝင်စားခဲ့ပုံ အတွန့်တက်ချင်ပါသေးတယ် ဒီလိုပါ  တစ်ခါ တစ်ရံ ကိုရီးယား ဇာတ်လမ်းလေးတွေကို ကျမကြည့်တတ်ပါတယ် ကြည့်မိတဲ့အခါမှာ ကိုရီးယားအစာ ကင်မ်ချီက မကြာခဏဆိုသလို မြင်တွေ့နေရတာကနေ အဲဒီကင်မ်ချီကို စမ်းသပ်လုပ်ချင်စိတ်ပေါ်လာပါတယ် ကျမမှာ အကျင့်တစ်ခုရှိတာက ဘာအလုပ်ကိုလုပ်လုပ် မရမခြင်းလုပ်တတ်တဲ့ အကျင့်တစ်ခုရှိပါတယ် အထူး သဖြင့် အစားအသောက်ထူးထူးဆန်းဆန်းတွေကို စမ်းသပ်လုပ်တဲ့အခါမှာ ဝိရိယ အတော်လေးကောင်း တယ်ရှင့် ပထမဆုံး ကျမအွန်လိုင်းကနေ ကိုရီးယားကင်မ်ချီ လုပ်နည်းကို လေ့လာပါတယ် ကင်မ်ချီမှာ ပါဝင်တဲ့ ပစ္စည်းတွေကိုပါကျမ မှတ်သားထားခဲ့တယ် အွန်လိုင်းမှာ ကိုရီးယားကင်မ်ချီလုပ်နည်းကတော့ အမျိုးမျိုးရှိပါတယ် နောက်ပြီးထည့်တဲ့ ပစ္စည်းအမယ်ကလဲ အမျိုးမျိုးပါပဲ အဲဒီအထဲကမှ ကျမကတော့   ကောင်းနိုးရာရာလေးတွေ ရွေးထုတ်ပြီး အလွယ်တကူရှာလို့ရတဲ့ ပစ္စည်းလေးတွေနဲ့ ကိုရီးယားစာ ကင်မ်ချီ ကို ပြုလုပ်ခဲ့ပါတယ် ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ ဆား သကြား ရှာလကာရည် နဲ့ ကိုရီးယားကထုတ်တဲ့ ကင်မ်ချီအနှစ်ပါပဲ လုပ်ပုံလုပ်နည်းလေးတွေကိုလဲ ပုံလေးတွေနဲ့အတူ ကျမရှင်းပြထားပါတယ်
 

အရင်ဆုံး မုန်ညှင်းဖြူရဲ့ အရိုးပိုင်းကိုတော့ လက်နှစ်ဆင့်အရွယ်လောက် ပါးပါးလှီးပြီး အရွက်အပိုင်း ရောက်   လာရင်တော့ လက် ၄ဆစ်လောက်လှီးပါတယ် ပုံးထဲမှာစုထားပြီး ရေကိုစင်ကြယ်အောင် ဆေးပါ သန့်စင် ပြီး ရေစစ်ထားပါ ရေစင်သွားပြီဆိုရင် ဆား သကြား ရှာလကာရည် တို့နဲ့နယ်ပြီး နှပ်ထားပါ တစ်နာရီ ကြား တစ်ကြိမ်မွှေပေးပါ ၃ကြိမ်လောက်မွှေပြီးတဲ့အခါမှာတော့ မုန်ညှင်းဖြူကို အရည်တွေ ညှစ်ထုတ်ပြီး သီးသန့် ပုံးတစ်ပုံးမှာထည့်ရပါတယ် အားလုံးအရည်တွေညှစ်ပြီးပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ ပုံမှာပါတဲ့ ကင်မ်ချီ အနှစ်ကို ထည့်မွှေပေးပြီး ပလပ်စတစ်ပုံးတွေထဲထည့်ကာ အအေးခန်း ဒါမှမဟုတ် ရေခဲသေတ္တာထဲမှာ  ထည့် သိမ်းထားရပါတယ် တစ်ရက်ထည့်သိမ်းပြီးတဲ့ ကင်မ်ချီကို ထပ်မွှေပေးရပါတယ် နှစ်ရက်မြောက်တဲ့နေ့မှာ   ကိုရီးယားစာကင်မ်ချီကို စားသုံးလို့ရပါပြီရှင် ကိုရီးယားစာကင်မ်ချီဟာ ထမင်းကြော် ခေါက်ဆွဲပြုတ်တို့နဲ့ လိုက်ဖက်တဲ့အစားအစာ တစ်ခုဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

(တကယ်လို့ အခုလိုအဆင့်ဆင့်လုပ်စားရတာ စိတ်မရှည်တဲ့သူများ ရန်ကုန်မြို့ကိုရောက်တဲ့အခါ စိန်ဂေဟာ ဆိုင်တွေမှာ ကျမလုပ်တဲ့ 4 YOU KIMCHI ကိုသွားရောက်ဝယ်ယူ အားပေးနိုင်ပါတယ်ရှင်)

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

Post a Comment

Related Posts Plugin for WordPress, Blogger...