Loading...
Gadget by w2pro

အပျင်းပြေ ဟော့ပေါ့ လုပ်စားရအောင်



မနေ့ညနေက ကျမတို့အိမ်မှာ မောင်နှမတွေနဲ့ဆွေမျိုးတွေစုပြီး ဟော့ပေါ့လုပ်စားကြတယ် ကျမလိုပဲ ဘလော့
မိတ်ဆွေများလဲ အချိန်ရရင် ဟော့ပေါ့လုပ်စားလို့ရအောင် မျှဝေလိုက်တယ်နော်။
ပါဝင်တဲ့ပစ္စည်းလေးတွေကိုစုံစုံလင်လင်လေးထည့်ရင်တော့ အရသာပိုကောင်းတာပေါ့ကွယ်....
အရေးကြီးတာက အဓိကကျတဲ့ ကြက်ချဉ်စပ်ရည်ကိုတော့ အချိုးအစားမှန်မှန်လုပ်တတ်ဘို့လိုတယ်လေ။
ကျမကတော့ ကြက်ချဉ်စပ်ရည်ကို ခိုင်လီကြက်ချဉ်စပ်ကိုသုံးပါတယ်။
ကျမသုံးတဲ့ပစ္စည်းလေးတွေကတော့-
ပြောင်းဖူး ကစွန်းဥ ကျောက်ပွင့် ကြာစွယ် မှိုခြောက် ပန်းခြောက် ပဲလိပ် ကြက်ဥပဲလိပ် ခေါက်ဆွဲ ကြာဇံ
ကညွန့် မုန်ညှင်း စမုန်စပါး ပဲရွက် ဆလပ်ရိုး (အော်စွန်း) ကုစိုင် တာအိုးရွက် ငါးဖယ်လုံး ကြက်သားလုံး 
ငုံးဥ ပုစွန်လုံး ငါးသားရေညှိလိပ် တို့ကိုအသုံးပြုခဲ့ပါတယ်။

မေတ္တာဖြင့် 
အန်တီတင့်


Print this post

Comments

ကိုထွဋ် said...

ဒီညဟော့ပေါ့လုပ်စားမလို့ကြံနေတာနဲ့အတော်ပဲ

mstint said...

ဒီနည်းက အသက်သာဆုံးနည်းပဲ အချိန်မရွေး တစ်ခေါက် ပြန်လာလည်နိုင်ပါတယ်ကွယ်း)

Post a Comment

Related Posts Plugin for WordPress, Blogger...