Loading...
Gadget by w2pro

ဘဝရဲ့ တစ်စိတ်တစ်ဒေသ အတွေ့အကြုံ (၂)


မန်နေဂျာ သူငယ်ချင်းတွေက အားပေးတယ် ဆက်ရေးပါတဲ့  ဘလော့ဂါမိတ်ဆွေတွေကလည်း ဖွင့်မပြောသည့်တိုင် လာပြီးအားပေးနေကြတာကို သိရတော့အားရှိတယ်လေ။ ကျမရဲ့ ဘလော့ဂ်လေးထဲကို ဒီကနေ့ လူဘယ်နှစ်ယောက် စာလာဖတ်ပါလိမ့် ဆိုပြီး Today Total ကိုဝင်ကြည့်မိတိုင်း ကိုယ့်အပြင် တစ်ယောက်လောက် ဝင်လာပြီးဖတ်တယ်ဆိုရင်ပဲ စိတ်ထဲကကျေနပ်နေမိတယ်။ လမ်းမှားပြီးရောက်တာပဲ ဖြစ်ဖြစ်ပေါ့နော်း)

ကျမတို့ ကုမ္ပဏီရဲ့ အခြေခံအကြောင်းလေးကိုတော့ အတွေ့အကြုံ(၁)မှာ အကြမ်းဖျင်းရေးထားပြီမို့ စာဖတ်သူများ ဇဝေဇဝါ ရိုးတိုးရိတ်တိတ်လောက်တော့ သိတန်ကောင်းပါရဲ့နော် ကျမရဲ့ အစစ်အမှန် အတွေ့အကြုံက ရှင်းရှင်းလင်းလင်းဖြစ်ပေမဲ့ ကျမရဲ့ အရေးအသားတွေက မပီပြင်တော့ ဖတ်ရတာ နည်းနည်းတော့ ရှုပ်ထွေးနိုင်ပါတယ်။ ဒီတစ်ခါတော့ ဓာတ်ပုံလေးတွေနဲ့ စာတမ်းထိုး တင်သွားမှာဖြစ်တဲ့အတွက် ဖတ်ရတာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။

၁၉၉၇ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှာ စပြီးအကောင်အထည်ဖော်ခဲ့တဲ့ ကျမတို့ရဲ့ စက်ရုံလေးဟာ တစတစ အောင်မြင်လာပါတယ်။ အောင်မြင်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ဝန်ထမ်းများရဲ့ လစာကို တခြား သိုးမွေးစက်ရုံတွေထက် မနိမ့်ကျအောင် စီစဉ်ပေးသလို သွားလာရာမှာ အဆင်ပြေအောင် ဖယ်ရီတွေ စီစဉ်ပေးပြီး ဖယ်ရီအသုံးမပြုတဲ့ ဝန်ထမ်းတွေကို ခရီးစရိတ်ဆောင်းပေးပါတယ် ရှားပါးစရိတ်အဖြစ်နဲ့ ထပ်ဆောင်းငွေပေးပါတယ် တူညီဝတ်စုံတွေကို အခမဲ့ချုပ်ပေးပြီး တစ်နှစ်မှာ .နှစ်ကြိမ်ပေးပါတယ် ခရီးဝေးကလာရတဲ့ တချို့ဝန်ထမ်းတွေအတွက် ထမင်း ဟင်း ဝယ်စားရလွယ်ကူအောင် စက်ရုံက ၃၀% စိုက်ပေးပြီးစီစဉ်ပါတယ်။ အခုလိုဆောင်ရွက်ပေးနိုင်ဖို့ သူဌေးကိုတောင်းဆိုတိုင်း သူဌေးရဲ့ ဝန်ထမ်းတွေအပေါ် ထားရှိတဲ့ စေတနာနဲ့ အကြိမ်တိုင်း ခွင့်ပြုခဲ့ပါတယ်။ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမြင့်ဆုံးတာဝန်ခံ အထွေထွေမန်နေဂျာက အစအောက်ခြေ သန့်ရှင်းရေးတာဝန် ယူတဲ့သူအထိ ဝန်ထမ်းအားလုံးဟာ ကျမတို့ စီမံခန့်ခွဲရေးဌာနကနေ ထုတ်ပြန်ထားတဲ့ အလုပ်ခွင်စည်းကမ်းပေါင်း (၂၆)ချက်ကို တိတိကျကျ လိုက်နာပြီး မိသားစုစိတ်ဓာတ်နဲ့ အလုပ်ကို မခိုမကပ် အလုပ်ခွင်မှာပျော်ရွှင်စွာနဲ့ လုပ်ကိုင်ခဲ့ခြင်းကြောင့်အောင်မြင်ခဲ့ပါတယ်။

စက်ရုံစဖွင့်ဖွင့်ခြင်းမှာ မှတ်တမ်းဓာတ်ပုံကို ကျမ မရိုက်မိခဲ့ပေမဲ့ ၁၉၉၈ ခုနှစ်ကစပြီး ကျမမှတ်တမ်း ဓာတ်ပုံတွေ ရိုက်ဖြစ်သွားတယ်။ 


                               နိုင်ငံခြားမှ တင်သွင်းလာတဲ့ ကုန်ကြမ်း ချည်များဖြစ်ပါတယ်



     ကုန်ကြမ်းချည်များကို winding machine မှာရစ်ပြီး လိုအပ်တဲ့အရွယ်ချည်လုံးများပြုလုပ်ပါတယ်

    Knitting ဌာနမှာ အထည်များကို ကိုယ်ထည် ရှေ့ခြမ်း နောက်ခြမ်း လက်တို့ကို ထိုးပါတယ်

Knitting ဌာနမှအထည်ထိုးရန်အတွက် Receive Issue များထံမှကုန်ကြမ်းချည်ကို
ပေါင်ချိန်ပြီးထုတ်ယူရသလို ထိုးပြီးထည်များကိုလဲပေါင်ချိန်ပြီးပြန်အပ်နှံရပါတယ်

  
Linking ဌာနမှာ ကိုယ်ထည်ရှေ့ခြမ်း နောက်ခြမ်းနဲ့ လက်တို့ကို တွဲပါတယ်







Pieces Inspection ဌာနမှာ တွဲပြီးထည်များကို စစ်ဆေးပါတယ်

Stitching ဌာန နဲ့ Mending ဌာနမှာ အနားသတ်ချုပ်ခြင်း အပေါက်ဖာခြင်း လုပ်ငန်းများလုပ်ပါတယ်

ထွက်လာသောအထည်များကို Washing ဌာနမှာ လျှော်ပြီးနောက် Separator စက်ဖြင့်ရေညှစ်ခြင်းပြုလုပ်ပြီးနာက် အထည်များခွဲခြားတဲ့လုပ်ငန်း လုပ်ပါတယ်
Ironing ဌာနမှာ အထည်များကို မီးပူတိုက်ပါတယ်

မီးပူတိုက်ပြီးထည်များကို Sewing ဌာနမှာ လိုအပ်တဲ့ တွဲဖက်ပစ္စည်းများထည့်တဲ့လုပ်ငန်း လုပ်ပါတယ်

PQC  ဌာနမှာ ချုပ်ပြီးအထည်များကို စစ်ဆေးပါတယ်



စစ်ဆေးပြီးအထည်များကို Packing ဌာနမှာ ထုပ်ပိုးပြီး Cartooning ဌာနမှာ ပုံးများတွင် သတ်မှတ်စံချိန် စံညွှန်းအတိုင်းထည့်ပါတယ်

စက်ရုံမှ ထုတ်လုပ်ရတဲ့ ဒီဇိုင်းများဖြစ်ပါတယ်

နောက်ဆုံးအဆင့်အဖြစ် ထွက်လာတဲ့ ကုန်ချောကို သက်ဆိုင်ရာ နိုင်ငံကိုပို့ဖို့အတွက် Shipping ဌာနကြီးမှ ဆက်လက်တာဝန်ယူ ဆောင်ရွက်ပါတယ်


မေတ္တာဖြင့် 
အန်တီတင့်

Print this post

Comments

mstint said...

စိတ်ဝင်တစား လာဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဇော်ရေ ဆန္ဒနဲ့ ဘဝ တစ်ထပ်ထဲကျပါစေနော်။

Post a Comment

Related Posts Plugin for WordPress, Blogger...