Loading...
Gadget by w2pro

မြန်ဆန်လွယ်ကူအသားရို့စ်



ဒီကနေ့တော့ အကြောင်းကိစ္စများမြောင်ကြောင့် ရပ်ဝေးသို့အလုပ်လုပ်ရင်း တစ်ကိုယ်ရေ တစ်ကာယ ချက်ပြုတ်စားနေရတဲ့သူများ၊ မိဘနဲ့ဝေးနေပြီး ရေခြားမြေခြားမှာ အလုပ်သွား ကျောင်းသွား လုပ်နေရသူတွေ အတွက် ရည်ရွယ်ပြီး မြန်ဆန်ုလွယ်ကူတဲ့ အသားရို့စ်ချက်နည်းလေးကို ချက်ကြပါစို့နော်။ နှစ်သက်ရာ အသားတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ အများအားဖြင့်တော့ အလုပ်သွား ကျောင်းသွားနေရတဲ့သူတွေ အပြင် တစ်ချို့က တစ်နေ့လုံးအလုပ်လုပ်ပြီး ညပိုင်းမှာကျောင်ပြေးတက်ရတဲ့ သူများအနေနဲ့ အသားများကို အားရက်တွေမှာ တစ်ပတ်စာ ဝယ်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းပြီးထားကြပါတယ်။




အဲဒီအသားတုံးကို အတုံးလိုက် အိုးထဲမှာထည့်ပြီး ဆား၊ အသားမှုန့်၊ ပဲငံပြာရည်၊ ဆီတို့နဲ့ပြုတ်ထားလိုက်ပါ။ အဲ့ဒီလိုပြုတ်ထားစဉ် ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးကို အပြားဝိုင်းများလှီးထားပြီး ကြက်သွန်ဖြူနဲ့ဂျင်းကို အနည်းငယ်ထုထားပါ။ ခဲနေသော အသားတုံး ရေခမ်းပြီးမွှေးလာသောအခါ အတွင်းသားအနည်းငယ် နူးညံ့စေရန်အတွက် ရေထပ်မံထည့်ပြီး နှစ်ကြိမ်ခန့်ရေခမ်းပြုတ်ပါ။ ဆီများထွက်လာပြီး အရောင်လှလာပါ မည်။ အသားတုံးကို အိုးထဲမှချပြီး အသားပြားများအဖြစ် လှီးပါ။ ပြီးလျှင်အိုးထဲပြန်ထည့်ပြီးလျှင် အဆင်သင့် လုပ်ထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ခရမ်းချဉ်သီးတို့အား အိုးထဲသို့ ရောထည့်ကာ မွှေပြီး၊ရေ အနည်းငယ်ထည့်ကာ ရေခန်းချက်ခြင်းဖြင့် မြန်ဆန်လွယ်ကူအသားရို့စ်ကို စားသုံးရန်အဆင်သင့်ရပါပြီ။ အသားရို့စ်ကို နှစ်ရက်ခန့်ခွဲပြီး စားလိုပါက ရေခဲသေတ္တာတွင် ခွဲသိမ်းထားနိုင်ပါတယ်။




ဘိုစားပဲသီးကို ပါးပါးလှီးပြီး ရေဆေးထားပါ။ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ထုထားသောကြက်သွန်ဖြူ တို့ကို ဆနွင်းအနည်းငယ်ဖြင့် ဆီမွှေးအောင်သတ်ပြီး ကြော်ပါ။ ပြီးလျှင် ရေဆေးထားသော ဘိုစားပဲသီးအား ထည့်ပြီး ဆား အသားမှုန့် အနည်းငယ်ထည့်ကာ ကြော်ခြင်းဖြင့် စားသုံးရန်အတွက် ပဲသီးကြော်အဆင်သင့် ရပါပြီ။ ဟင်းနှစ်မျိုးစလုံး အချိုချည်းဖြစ်နေပါက ခရမ်းချဉ်သီးချက်နှင့် တို့စရာတို့ ချက်ပြုတ် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။ (ခရမ်းချဉ်သီးချက်ကိုတော့ အရင်ပို့်စ်မှာတင်ပြထားပါတယ်)


                            တို့စရာအဖြစ် ဒညင်းဝက်ကို မီးနည်းနည်းလေးနဲ့ကြော်ပါတယ်



                                         စားသုံးရန်အတွက် အဆင်သင့်ဖြစ်ပါပြီ


မေတ္တာဖြင့်
အန်တီတင့်


Print this post

Comments

mstint said...

အစ်မညီမလေးကတော့ လာစားသွားပြီး))
ဗိုက်ဆာနေတဲ့သူက ဟင်းပွဲပြရတာ အားနာလိုက်တာနော်။

myathein said...

ဒညင်းသီးကျော်ကအရသာအရှိဆုံးပါ။ my favourite!!

Post a Comment

Related Posts Plugin for WordPress, Blogger...