Loading...
Gadget by w2pro

မြိန်ရာဟင်းကောင်း



ညနေက ကျမရဲ့ သားတွေအတွက် လွယ်လွယ်ကူကူနဲ့ ချက်ပြီး စားလို့ကောင်းတဲ့ ဟင်းချက်နည်းလေးကို မိဘနဲ့ဝေးနေကြရပြီး ကိုယ်တိုင် ချက်ပြုတ် စားနေရတဲ့ သူများအတွက် ပို့စ်တစ်ခုအဖြစ်  တင်ပေးလိုက်ပါ တယ်။ ဟင်းချက်ရာမှာ ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီး ငရုပ်သီး အစရှိတာတွေ ကို ထောင်းခြင်း ဒါမှမဟုတ် ကြိတ်ခြင်း ဒါမှမဟုတ် ပါးပါးလှီးခြင်း ၊ပြုလုပ်ပြီးသည့် အခါတွင်လည်း ဆီချက်သတ်ရင် ကိုယ်တိုင်ဖြစ်စေ ပတ်ဝန်း ကျင်ဖြစ်စေ အညှော်နံ့ကို ခံရမှာဖြစ်တဲ့အတွက် ကျမဟင်းချက်ရင် လုံးချက်တဲ့နည်းကို အမြဲလိုလို သုံးပါတယ်။




                  ဝက်သား (သို့မဟုတ်) ကြက်သားကို သင့်တော်တဲ့ အတုံးလေးများ တုံးထားပါ။


     ကြက်သွန်နီဥလေးတွေကို လေးစိတ်ခွဲထားပြီး ကြက်သွန်ဖြူဥလေးတွေကို အပြားလိုက်ရိုက်ထားပါ။


                                    ပန်းပွင့် မုန်လာဥနီတို့ကို အနေတော်လှီးထားပါ


 အသားကို ဆား ပဲငံပြာရည် ရှာလကာရည် ကြက်မှုန့် (တချို့လည်း အချိုမှုန့်သုံးပါတယ်) တို့နဲ့ နယ်ပြီး ဆီ ထည့်ကာ မီးဖိုပေါ်တွင် တည်ထားပါ။


        ပန်းပွင့် မုန်လာဥနီတို့ကို ကြက်သွန်ဥနီ အမွှာအနည်းငယ်နှင့် စိမ်းစိမ်းလေး ကြော် ထားပါ။

ကြက်အရိုးများကို ကြက်သွန်ဖြူ အနည်းငယ် ဂျင်းအနည်းငယ် ဆား ငံပြာရေ ကြက်မှုန့် ငရုတ်ကောင်းမှုံ့ တို့နှင့်ပြုတ်ထားပါ။

 အသားဆီပြန်၍ မွှေးလာချိန်မှာ အဆင်သင့်လှီးထားသော ကြက်သွန်ဥနီ ကြက်သွန်ဥဖြူ တို့ကို မီးဖိုတွင် တည်ထားသော အသားထဲသို့ထည့်ပြီး မွှေပေးပါ။ ရေခမ်းပြီး ဆီပြန်လာလျှင် အရောင်အဆင်းလှပြီး မွှေးလာ မည်ဖြစ်သည်။ အသားမနူးသေးက ရေထပ်ထည့်၍ ယခင်အတိုင်း ဆီပြန်လာသည်အထိ ချက်ထားပါ။ အသားလည်းနူး ရေလည်းခမ်းပြီဆိုက ခပ်စိမ်းစိမ်းကျော်ထားသော ပန်းပွင့် မုန်လာဥနီတို့ကို ရောမွှေပြီး နယ်ပေးပါ။ 


                                    စားသောက်ရန်အဆင်သင့် ဟင်းတစ်ခွက်ရပါပြီ။


 ဝက်သား မစားသူများအတွက် ကြက်သားကိုလည်း အလားတူချက်ပြုတ်ခြင်းဖြင့် ဟင်းတစ်ခွက်ရပါမည်။

ကြက်ရိုးနှင့်ပြုတ်ထားသော ဟင်းချိုလည်း ရပြီဖြစ်တဲ့အတွက် နောက်ထပ်ဟင်းတစ်ခွက် ရပါပြီ။

အချိုဟင်းချည်းဖြစ်နေသဖြင့် အစပ်အဟပ်တည့်စေရန် ခရမ်းချဉ်သီးချက်လေးပါ ချက်လိုက်ပါက ပို၍ထမင်း စား မြိန်ပါလိမ့်မည်။ခရမ်းချဉ်သီးကိုလည်း ခပ်ထူထူလေးလှီးပြီး ကြိတ်ထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ငရုပ်သီးတို့နဲ့အတူ ဆား ကြက်မှုန့် ငံပြာရည် တို့ကို ထည့်၍ မွှေပါ။ ဆီအနည်းငယ်ထည့်ပြီး မီးဖိုတွင်တည်ပြီး ဆီပြန်လာသည့်အခါတွင် စားရန်အသင့်ဖြစ်သည့် ခရမ်းချဉ်သီးချက်ကို ရပါပြီ။ (တချို့လည်း နံနံပင်အုပ်ပါ တယ်)


အကယ်၍သာ ခရမ်းချဉ်သီး ငါးပိချက် ချက်စားလိုပါက ငါးပိကို အရည်ဖျော်ပြီး ခရမ်းချဉ်သီးချက်ထဲသို့ ထည့် ရပါမယ်။ ရေခမ်း ဆီပြန်လာက စားသုံးရန်အသင့်ဖြစ်ပါပြီ။

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

mstint said...

အိုကေပါကွယ် မမေ့ပါဘူးး)

Le Yi said...

မတင့်ရဲ့ ကြက်သားနဲ့ ပန်းပွင့်၊ မုန်လာဥနီကြော်ချက်လေးကို စမ်းလုပ်ကြည့်အုံးမယ်။ သမီးတို့ ဒီမှာ များသောအားဖြင့် ချက်ဖြစ်တာက အသားတစ်မျိုးမျိုးနဲ့ broccoli ကို ရောကြော်လိုက်တာဘဲ။ sweet soy sauce နဲ့ black pepper ထည့်ရင်မွှေးမွှေးချိုချိုလေးဖြစ်သွားတယ်။ လွယ်လည်းလွယ်၊ စားလို့လဲကောင်းမယ့်ဟင်းချက်နည်းလေးတွေ တင်ပေးပါအုံးနော်။ ကျေးဇူး...

Post a Comment

Related Posts Plugin for WordPress, Blogger...