Loading...
Gadget by w2pro

ငှက်ပျောပေါင်းချိုစိမ့်မွှေး


မနေ့ မနက်ပိုင်းကအိမ်ကဘုရားစင်မှာဘုရားပွဲ၊ ပန်း၊ သစ်သီးကပ်ဖို့ရာအတွက် လှည်းတန်းဈေးကို ရောက်ခဲ့ ပါတယ်။ သစ်သီးတန်းမှာရခိုင်ငှက်ပျောသီးအမှည့်လေးတွေ တွေ့တော့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက် မန်နေဂျာ တစ်ယောက် ပြောခဲ့တာကိုသတိရမိတယ်။ မန်နေဂျာမလေးက ‘အန်တီရေအဆင်ပြေတဲ့အခါ ငှက်ပျော ပေါင်းလေး အရင်ကလိုပေါင်းကျွေးပါအုံးနော်’ တဲ့။ ယခင်ကျမကုမ္ပဏီမှာအလုပ်လုပ်စဉ် ကာလတုန်းက ကျမရဲ့ ရုံးဝန်ထမ်းအဖွဲ့ကိုရံဖန်ရံခါ မုန့်တစ်မျိုးမဟုတ် တစ်မျိုးလုပ်ကျွေးလေ့ရှိပါတယ်။

ငှက်ပျောပေါင်းလုပ်နည်းလေးကတော့ လုပ်ရတဲ့အဆင့်လည်းနည်းပြီးအတော်လေးလွယ်ကူတာကြောင့် မုန့် လုပ်စားရမှာပျင်းတဲ့ သူများအတွက်လည်း ပျင်းပျင်းနဲ့ပဲ လုပ်စားကြည့်ကြနော်း) ဒီတစ်ခါ ငှက်ပျောပေါင်းကို မိတ်ဆွေများအားလုံးလုံလုံလောက်လောက် သုံးဆောင်နိုင်ဖို့ရာ အများကြီး လုပ်ပေးခဲ့တယ်နော်း) အရင် တစ်ခေါက် ဆနွင်းမကင်း လုပ်တုန်းက မဝဘူးဆိုလို့ ဒီတစ်ခေါက်တော့ အဝသာသုံးဆောင်သွားကြနော်း))




ပါဝင်အသုံးပြုရမည့် ပစ္စည်းလေးတွေကတော့-
ရခိုင်ငှက်ပျော၊ ကင်ပွန်းရွက်၊ အုန်းနို့၊ နွားနို့၊ သကြား၊ နို့ဆီ၊ နို့စိမ်း (ခုနှစ်မျိုးအသုံးပြုပါတယ်)


ရခိုင်ငှက်ပျောသီးလေးတွေကို ပုံပါအတိုင်း အညှာပါ ပါအောင်ဒါးနဲ့လှီးပြီးချွေပါတယ်။ ရေနှင့်သန့်စင်အောင် ဆေးပြီး ပန်းကန် ပြားတစ်ချပ်တွင်ထည့်ထားပါတယ်။



ဒန်အိုးတစ်လုံးရဲ့ အခြေမှာကင်ပွန်းရွက်များကို ခင်းလိုက်ကာအပေါ်တွင် ငှက်ပျောသီးများကိုထည့်ပါတယ်။ ငှက်ပျောသီးများထည့်ပြီးသွားကတဖန် အပေါ်မှ ကင်ပွန်းရွက်ဖြင့် ပြန်အုပ်ပါတယ်။ မီးဖိုပေါ်တင်ပြီး ပြုတ် လိုက်ပါတယ်။ အချိန်ကိုတစ်နာရီလောက် ကြာကြာပြုတ်ပါတယ်။ (ကင်ပွန်းရွက် အကြမ်းကိုအသုံးပြုက ပိုကောင်းပါတယ်။ ကင်ပွန်းရွက်ရဲ့ အာနိသင်ကငှက်ပျောသီးအရောင်ကိုလှပစေပြီး ငှက်ပျောသီးထဲမှာရှိတဲ့ အဖန်ဓာတ်ကိုလည်းထုတ်ပေးတာမို့ အရသာပိုကောင်းမှာ ဖြစ်ပါတယ်။ အချိန်ကြာကြာပြုတ်ခြင်းကြောင့် နူးအိတဲ့ ငှက်ပျောသီးကိုရမှာဖြစ်ပါတယ်)


ငှက်ပျောအခွံလေးတွေ အလိုလိုကွဲအက်သွားတဲ့အခါ ငှက်ပျောသီးများကိုဆယ်ယူပြီး အခွံခွာကာ ပန်းကန် တစ်ချပ်တွင်ထည့်ထားပါ။



ဒန်အိုးကို ရေဆေး ပြန်သန့်ပြီးပါက အခွံနွှင်ထားသော ငှက်ပျောသီးများကိုအိုးထဲထည့်ပါတယ်။ ထိုအိုးထဲသို့ အုန်းနို့၊ နွားနို့၊ သကြား၊ နို့ဆီ၊ နို့စိမ်းတို့ကိုထည့်ပြီးမီးဖိုပေါ်တွင် အချိန်ကြာကြာလေးပွက်အောင်ပြုလုပ်ပါ။



အနံ့လေးမွှေးပြီး နူးအိချိုစိမ့်သော အရသာကောင်း ငှက်ပျောပေါင်းရပါပြီကွယ်။ မနေ့ နေ့လည်က အသုံးပြု သွားတဲ့ ငှက်ပျောပေါင်းရဲ့ အသုံးနှုန်းလေးတွေရေးပေးလိုက်မယ် လိုအပ်သလို လိုတိုး ပိုလျော့ လုပ်စားကြည့် ကြနော်။

ရခိုင်ငှက်ပျောသီး ၅ ဖီး
ကင်းပွန်းရွက် အစီးကြီးတစ်စီး
အုန်းနို့ ဗူးတစ်ဝက်
နွားနို့ တစ်ပုလင်း
သကြား ၂၀ ကျပ်သား (အချိုနှစ်သက်သူများပိုထည့်သုံးပါ)
နို့ဆီတစ်ဝက်
နို့စိမ်းတစ်ဝက် (အဆိမ့်နှစ်သက်သူများပိုထည့်သုံးပါ)

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

ahphyulay said...

အင်း...
လျှာရည် ကျ,တယ်မမရေ..၊
လျှာရည်ကျတယ်ဗျ။

မေသိမ့်သိမ့် ကျော် said...

စားသာစားဖူးတာ မလုပ်တတ်ဘူး။ ခုမှလုပ်နည်းသိတယ်။ ကျေးဇူးပါ အန်တီရေ။


ခင်တဲ့

KMC@ချင်းလေး said...

အပေါ်ကသူတွေပြောသွားသလိုပါပဲအန်တီရေ..ကင်ပွန်းရွက်အစီးလိုက်ပုံကို ငှက်ပျော်သီးဗန်းနှစ်ဗန်းအောက်မှာပုံနဲ့တင်ထားတော့ဒီအရွက်တွေကဘာလို့ (ကင်ပွန်းရွက်မှန်းပင်မသိပါ.)ဒီနေရာမှာရောက်နေတာလည်း?အန်တီပဲမှားပြီး uploadလုပ်မိတာနေမှာဆိုပြီးဖြေတွေးရင်းဆက်ဖတ်လိုက်တော့မှမှားနေတာ ကအန်တီမဟုတ်ပဲကျနော်ဖြစ်နေတာသိရတော့တယ်..အဟီး..ရှက်ရှက်ဗျာ။ တဝကြီးစားသွားပါတယ်ဗျာ...တကူးတကဖိတ်ကျွေးတာကျေးဇူးတင်ပါကြောင်း..။

Angelhlaing(May everybody be happy and healthy! said...

ဟင့် ...စားချင်တယ် အန်တီတင့်ရေ...
မစားရတာ တော်ကြာပေါ့...

အင်္ဂါဟူး said...

တစ်ရက်တော့ ကိုယ်တိုင် လုပ်စားကြည့်ဦးမယ်..အခုတော့ သွားရည် ကျ သွားပါသည်။

သက်ဝေ said...

ငှက်ပျောပေါင်း လာစားသွားတယ် အန်တီတင့်...း)))

Mon Petit Avatar said...

I love this dessert, probably more than anything. Thank you Aunty Tint for sharing!

အဖြူရောင်နတ်သမီး said...

တကယ်စားချင်လာပြီ အန်တီတင့်ရေ...
ဟင့်.. ရှလွတ်...

Post a Comment

Related Posts Plugin for WordPress, Blogger...